မုံရွာ၊ ၇ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်လျက်ရှိသော မုံရွာမြို့ပေါ်ရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံရွာမြို့၊ ကန်သာယာကန် အဆင့်မြှင့်တင် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၁၀)မှ တာဝန်ယူ၍ မုံရွာပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်ခြင်း  လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မုံရွာမြို့ အဝေးပြေးကားကြီးကွင်း တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေတို့နှင့် မုံရွာ-ဆားလင်းကြီး ဇက်ကူးတို့ဆိပ်တွင် အများပြည်သူ သွားလာမှုလွယ်ကူစေရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လည်းကောင်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး (ပြန်/ဆက်)