မုံရွာ ၇ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၌ နွေရာသီတွင် သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေးလုပ်ငန်း ၁၈၁ ခု ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ မြို့နယ် ၃၇ မြို့နယ်၌ ရေရှားပါးမှုဖြစ်နိုင်သော ကျေးရွာများအား ပြည်ထောင်စုဘတ်ဂျက်ဖြင့် တွင်းတိမ် ၂ တွင်း၊ တွင်းနက် ၈၂ တွင်း၊ လက်တူးတွင်း ၃ တွင်း၊ ရေကန် ၁ ကန်၊ စိမ့်စမ်းရေသွယ်တန်းခြင်း ၂၃ ခု၊ အခြားဆက်စပ်လုပ်ငန်း ၁၄ ခု၊ စုစုပေါင်း ၁၂၅ ခုအတွက် ခန့်မှန်ကုန်ကျငွေ ကျပ် ၂၄၀၈ ဒသမ ၆၈၈၆ သန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တွင်းတိမ် ၁ တွင်း၊ တွင်းနက် ၃၄ တွင်း၊ လက်တူးတွင်း ၁ တွင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း ၁၄ ခုနှင့် အခြားဆက်စပ်လုပ်ငန်း ၆ ခု၊ စုစုပေါင်း ၅၆ ခုအတွက် ခန့်မှန်ကုန်ကျငွေကျပ် ၉၁၈ ဒသမ ၉၈ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်


