နယူးဒေလီ ၈ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူများ ပြန်လည် ကျန်းမာလာမှုနှုန်းသည် ဖေဖော်ဝါရီ ၆ ရက်တွင် ၉၇ ဒသမ ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
လတ်တလောအချိန်ထိ ကိုဗစ်-၁၉ လူနာဦးရေ ၁၀၅၁၀၇၉၆ ဦးအား ဆေးဝါးကုသပေးနိုင်ခဲ့ပြီး လူနာ ဦးရေ ၁၄၈၅၉၀ မှာ ဆေးဝါးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင်း၌ ရောဂါပိုးကူးစက်မှုအသစ် ၁၁၇၁၃ ဦးရှိခဲ့ပြီး ယင်းရောဂါဖြင့်
သေဆုံးသူ ၉၅ ဦးကို အတည်ပြုနိုင်ခဲ့ကာ ပြန်လည်ကျန်းမာလာသူ ၁၄၄၈၈ ဦး ရှိခဲ့သည်။
အိန္ဒိယတစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၈၁၄၃၀၄ ဦးနှင့် သေဆုံးသူပေါင်း ၁၅၄၉၁၈ ဦးသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် အိန္ဒိယနိုင်ငံ၌ လူဦးရေ၏ ၁ ဒသမ ၃၇ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ခံနေရသည်။
အိန္ဒိယနိုင်ငံ၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးစီးခဲ့သည့်လူဦးရေပေါင်းမှာ ၂၀၀၆၇၂၅၈၉ ဦးရှိပြီဖြစ်သည်။ ဖေဖော်ဝါရီ ၅ ရက်တစ်ရက်တည်းတွင် လူပေါင်း ၇၄၄၀၇၉၄ ဦးအား ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေး နိုင်ခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ဇော်ဝင်း