စဉ့်ကူး၊ ၈ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် ဖေဖော်ဝါရီ ၇ ရက်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် ဌာနအဆောက်အအုံ၏ ပတ်ဝန်းကျင်၌ တောမီး၊ အခြားလောင်ကျွမ်းသော မီးများ မကူးစက်နိုင်အောင် မီးတားလမ်းများ ပြုလုပ်ထားခြင်း၊ မီးသတ်ဆေးဘူးများ၊ သဲပုံးများ၊ ရေရရှိနိုင်မှု အစီအမံများ ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးစီမံချက်များ ရေးဆွဲထားရှိပြီး စီမံချက်ပါအတိုင်း ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးချမ်းမြေ့ကျော်နှင့် မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကိုကိုဦးနှင့် ရုံးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

မင်းမြင့်မိုရ်