လွိုင်ကော်၊ ၈ ဖေဖော်ဝါရီ

 

ကယားပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ထိုသို့ဖွင့်လှစ်ရာတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ အထင်ကရဖြစ်သော သမိုင်းဝင်မြို့နမ်စေတီတော်နှင့် တောင်ကွဲစေတီတော်တို့တွင် ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင်ခြင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် မဟာပဋ္ဌာန်းတော်မြတ်အကျဉ်း ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ပြီး ဆရာတော် သဃာတော်များထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။

 

ထို့နောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္တုငွေများကို ဂေါပကအဖွဲ့တို့က ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဆရာတော်သံဃာတော်များအား အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ကယားပြည်နယ်အတွင်းရှိ ဘုရားစေတီပုထိုးများကို ယနေ့မှစတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 ခရိုင် (ပြန်/ဆက်)