၈ ဖေဖော်ဝါရီ
ပြင်သစ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၇၁၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းနေ့မတိုင်မီက ရောဂါကူးစက်ခံရသူ ၂၀၅၈၆ ဦးရှိရာ ကူးစက်ခံရသူအရေအတွက် ကျဆင်းလာသည်ဟု တရားဝင်အချက်အလက် ဖော်ပြထားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ယမန်နေ့က ထပ်မံသေဆုံးသူ ၁၇၁ ဦးရှိကြောင်း၊ စနေနေ့က သေဆုံးဦးရေ ၁၉၁ ဦးရှိရာ ထိုရောဂါကြောင့်သေဆုံးသူဦးရေ ကျဆင်းလာသည်။
ပြင်သစ်နိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူပေါင်း ၂ ဒသမ ၁ သန်းကျော် ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၃၁၇၃၃၃ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၇၈၇၉၄ ဦး ရှိသည်။
နိုင်ငံအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၃၂၆၉၃ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို