လှိုင်းဘွဲ ၁၀ ဖေဖော်ဝါရီ 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အထက် ရေပူကျေးရွာတွင် မိုးစပါးစိုက်တောက်သူများအ‌နေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် လိုအပ်သောရေများ အခက်အခဲမရှိစေရန်နှင့် မိုးစပါးနှင့် ရေကျနောက်ကျစပါးများ အောင်ရေကို လုံလောက်စွာရရှိပြီး စပါးအထွက်နှုန်း ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေသွင်းရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ထားမှု‌ကြောင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေသွင်းရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ထားခြင်းကြောင့် မိုးစပါးနှင့် ရေကျနောက်ကျစပါး စိုက်ပျိုးထားသော တောင်သူများအနေဖြင့် စပါးဧက(၄၅၀)ကို ရေအလုံအလောက်ရရှိပြီး စပါးအထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)