လိပ်သို ၁၀ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ပေါ် ရပ်ကွက်များရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေတစ်ဦးလျှင် ကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လ ပထမ (၃) လပတ်အတွက် ကျပ် ၃၀ဝ၀ဝ စီအား ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သည်။
လိပ်သိုမြို့အတွင်းရှိ မြို့ပေါ် ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၉) အုပ်စုတို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများ စုစုပေါင်း (၅၄) ဦးရှိပြီး ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ပေါ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ သက်ကြီးရွယ်အို ဘိုးဘွားများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


