မိုင်ဖြတ် ၊  ၁၁  ဖေဖော်ဝါရီ

 

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ယန်းခမ်း ကျေးရွာတွင် ဘိလပ်မြေဖြင့်ပြုလုပ်သည့် ပန်းရန်အတတ်ပညာဖြင့်ပြုလုပ်သည့် ရုပ်တုလုပ်ငန်းများကို တွင်ကျယ်စွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၁ ရက်က အဆိုပါလုပ်ငန်းလုပ်ကိုင်သူ ဦးနန်နွန်းထံကသိရသည်။

 

           

ပန်းရန်အတတ်ပညာနဲ့ ပြုလုပ်တဲ့ရုပ်တုလုပ်ငန်းကို ကျွန်တော်ရဲ့လေ့လာသင်ယူမှုနဲ့ တတ်မြောက်ခဲ့တာပါ ဒီလုပ်ငန်းလုပ်တာတော့ ၁၀ နှစ်ကျော်လောက်ရှိပါပြီ ဒီလုပ်ငန်းကလည်း အနုပညာလုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်တတ်ထားတဲ့လုပ်ငန်းကို သားကိုအမွေပေးထားပါတယ်၊ လုပ်နေတာကတော့ ကျွန်တော်တို့ ရှမ်းဘုန်းကြီးကျောင်းတွေမှာ ထားရှိတဲ့ နတ်သားနဲ့ နတ်သမီးရုပ်တုကို အဓိကပြုလုပ်ပြီး မှာတဲ့သူရှိမှ သာပြုလုပ်ပါတယ်ဟု ဦးနန်နွန်ကပြောပါတယ်။

 

 

ရုပ်တုတစ်ရုပ် စတင်လုပ်ချိန်မှစ၍ ရုပ်လုံးပေါ်သည်အထိ ခြောက်ရက်၊ ခုနှစ်ရက်လောက် အချိန်ပေးရပြီး အဆိုပါရုပ်တုများပြုလုပ်ရာတွင် အသုံးပြုတာကတော့ ဘိလပ်မြေ၊ သဲ၊ ရုပ်တုတစ်ခုလုံးကို ကြာရှည်ခိုင်ခံ့ စေဖို့အတွက် သံချောင်းများကိုအသုံးပြုပြီး ရုပ်လုံးပေါ်လာရင် အလှဆင်ကျောက်နဲ့ ဆေးရောင်များကို အသုံးပြုကြောင်း၊  ရုပ်တုတစ်ရုပ်ကို ငွေကျပ် ၃ သိန်းခွဲဝန်းကျင်ရရှိပြီး ကျိုင်းတုံ၊တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့များက အဓိကမှာကြကြောင်း ဦးနန်နွန်ထံက သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)