(၁၁-၂-၂၀၂၁)

၁။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တတိယအကြိမ်လွှတ်တော် သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ရွေးကောက်ပွဲကာလတွင် မဲစာရင်းကောက်ယူပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံတွင်မဲပေးခြင်းစသည့် ရွေးကောက်ပွဲလုပ်ငန်းများနှင့် စပ်လျဉ်း၍ မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများရှိကြောင်း  ကြားသိရပါသည်။

၃။အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးလျက်ရှိပါသည်။

၄။စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရန် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တရားမဲ့ပြုကျင့်မှု၊ မသမာမှုများကို သိရှိသည့် ပြည်သူများမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားနိုင်ပါကြောင်း နှင့် စာဖြင့် လည်းကောင်း၊ အောက်ပါ တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် Email လိပ်စာများသို့ လည်းကောင်း ဆက်သွယ်ပေးပို့တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)   တယ်လီဖုန်းနံပါတ်     -       ၀၆၇-၃၄၀၄၄၁၀

(ခ)   တယ်လီဖုန်းနံပါတ်     -       ၀၆၇-၃၄၀၄၂၂၀

(ဂ)   တယ်လီဖုန်းနံပါတ်     -       ၀၆၇-၃၄၀၄၃၁၃

(ဃ)   ဖက်စ်ဖုန်းနံပါတ်        -       ၀၆၇-၃၄၀၄၄၁၁

(င)   Email လိပ်စာ           -       [email protected]

(စ)   Email လိပ်စာ           -       [email protected]

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်