မန္တလေး၊ ၁၀ မေ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၁/၇ နှင့် ၃၄၁/၀ ကြား၌ မေ ၉ ရက် ညနေ ၅ နာရီခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော IPSUM အမျိုးအစားယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၁ အနီးတွင် လမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်ကူးလာသော ဆိုင်ကယ်အားတိမ်းရှောင်ရာ အရှိန်လွန်၍ လမ်းလယ်ကျွန်းအားကျော်ပြီး လမ်းအနောက်ဘက် လမ်းဘေးရေမြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ (၄)နှစ်အရွယ် ကလေး(၁)ဦး အခင်းဖြစ်နေရာတွင် သေဆုံးပြီး အမျိုးသမီး (၂)ဦးနှင့် ဆိုင်ကယ်သမားတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စကားအင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်က တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(မလှိုင်)
