မေ ၁၀
မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၃၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူဦးရေ ၄၅၄၅၉ အထိရှိလာကြောင်း ရောဂါကူးစက်မှုဆိုင်ရာအမျိုးသားစင်တာ(NCCD)က ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၈၂ ဦးအထိ ရှိလာသည်ဟု ထိုစင်တာကဆိုသည်။ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူဦးရေ ၃၂၆၆၀ ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်ပြုလုပ်ခဲ့သည်။ နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းထက်မနည်း ကာကွယ်ဆေးထိုးနှံရန် ရည်ရွယ်ထားသည်။
ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူဦးရေ ၁၅၉၀၆၀၀ အထက်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၆၂၂၇၄၀ ကျော်ရှိသည်ဟု အာဏာပိုင်များက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို