မေ ၁၁
တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသူ ၁၇၃၄ ဦးအပါအဝင် ရောဂါကူးစက်ခံရသူ ၁၃၆၀၄ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင်း ကူးစက်ခံရပေါင်း ၅၀၄၄၉၃၆ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၃၃၁၁ ဦးအထိ မြင့်တက်လာသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၆၉၅၃ ဦးရှိလာပြီး ပြန်လည်ကျန်းမာလာသူပေါင်း ၄၇၄၃၈၇၁ ဦးရှိလာသည်။
အာဏာပိုင်များက CoronaVac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရိ ၁၄ တွင် အုပ်စုလိုက်ကာကွယ်ဆေးထိုးနှံမှုကို စတင်လုပ်ဆောင်ခဲ့သည်။
ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၁၄၆၄၈၀၀၀ ရှိသည်။
တူရကီနိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ် ၁၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို