မေ ၁၂

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၅၁၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူ ၄၆၄၄၈ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှင့်ဆက်စပ်ပြီး သေဆုံးသူ ငါးဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၅၀၃ ဦး ထပ်မံတွေ့ရှိခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအုပ်စုလိုက်ထိုးနှံမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်လုပ်ဆောင်ခဲ့ရာ နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းထက်မနည်းကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူဦးရေ ၁၆၇၈၁၀၀ ကျော်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူဦးရေ ၆၃၁၆၀၀ ကျော်ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို