ရန်ကုန်၊ ၁၃ မေ

 

ပြည်သူများ အသိဉာဏ်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၉ နာရီခွဲမှ ညနေ၄ နာရီခွဲအထိ ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိသည်။

 

အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် သုတစာအုပ် ၁၄၆၀၆ အုပ်၊ ဝတ္ထုစာအုပ် ၉၀၆ အုပ်၊ မဂ္ဂဇင်း ၁၃၀၄ အုပ်၊ ဂျာနယ် ၃၃၈၇ စောင်နှင့် ကလေးများအကြိုက် ရုပ်ပြစာအုပ် ၈၈၀ အုပ် စုစုပေါင်း ၂၁၀၈၃ အုပ်ရှိပြီး မည်သူမဆို အခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

 

စန္ဒာမိုး(ပြန်/ဆက်)