မေ ၁၃

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၂၄၉၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၂၈၀၃၄ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

 

ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဒုတိယအများဆုံး သေဆုံးသည့် နိုင်ငံဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် အမေရိကန်နှင့် အိန္ဒိယနိုင်ငံ တို့ပြီးလျှင် ဘရာဇီးနိုင်ငံသည် တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

 

ဘရာဇီးနိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းတွင်  လူဦးရေ တစ်သိန်းလျှင် ၇၃၀၉ ဦးရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းတွင် လူတစ်သိန်းလျှင် ၂၀၄ ဦးရှိသည်။

 

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ ၅၄ ဒသမ ၈ သန်းရှိပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၃၆ ဒသမ ၅ သန်းနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၈ ဒသမ ၃ သန်းရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို