ကျိုက်ဒုံ၊ ၁၄    မေ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် မေလ ၁၄ ရက် နံနက်ပိုင်းက (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လအတွက် အသက် ၈၅နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် သက်ကြီး ဘိုးဘွား(၁၀၆)ဦးအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၃၁၈၀၀၀၀ ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်က မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့မြို့ပေါ်ရပ် ကွက်များနှင့်ကျေးရွာများတွင်နေထိုင်သည့် အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၀၆)ဦး အား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)

mdn