အေသင် ၁၇ မေ

ဂရိနှင့် အီတလီနိုင်ငံတို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသွားသည့် အားလပ်ရက် ခရီးသွားများကို လက်ခံသွားမည်ဟု သိရသည်။

၎င်းတို့ကို အသွားအလာ စောင့်ကြည့်ကန့်သတ်မှုကို ခြင်း ချက်ထားသွားမည်ဟု သိရသည်။ ဂရိနိုင်ငံသည် မေ ၁၄ ရက်ကနိုင်ငံ ပေါင်း ၅၃ နိုင်ငံမှ ခရီးသွားများအတွက် အသွားအလာကန့်သတ် စောင့်ကြည့်မှု ၁၀ ရက်ကို ဖြေ လျှော့ပေးခဲ့သည်။

ယင်း ၅၃ နိုင်ငံတွင် အီးယူ အဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။ သို့သော်လည်း ခရီး သွားများဘက်မှ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေပြချက်နှင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်တို့ ပြသရန်လိုအပ်သည်။ မီလို့စ်သည် ဂရိကျွန်းတစ်ခုဖြစ်ပြီး မေ ၁၅ ရက်က ဖယ်ရီတစ်စင်းအပြည့် နိုင်ငံခြား ခရီးသွားများကို ကြိုဆိုခဲ့သည်ဟု သိရသည်။

မိသားစုနှင့်အတူ လာရောက်သည့် ဂျာမန်အမျိုးသားကမူ လွန်ခဲ့သည့် နှစ်လကတည်းက ကြိုတင်စာရင်းပေးထားခြင်းဖြစ်ကြောင်း၊ ခရီးထွက်နိုင်ရန် အမြဲ မျှော်လင့်နေကြောင်း ပြောကြားသည်။

ခရီးသွားများကို ပြန်လည်ကြိုဆိုသည့်အပေါ် ဝမ်းသာကြောင်းနှင့် ၎င်းနှင့် ၎င်း၏ မိသားစုလည်း ခရီးစဉ်တွင်ပျော်ရွှင်ရသည်ဟု ပြောသည်။ မီလို့စ်ကျွန်းပေါ်မှဒေသခံအာဏာ ပိုင်များကမူ ကျွန်းလူဦးရေ ထက်ဝက်နီးပါးခန့်မှာ ခရီးသွား လုပ်ငန်းပေါ်တွင် မှီခိုနေရခြင်း ဖြစ်သည်ဟု ပြောသည်။

အီတလီနိုင်ငံသည်လည်း မေ ၁၆ ရက်မှစတင်ကာ အီးယူ၊ အမေရိကန်၊ ဂျပန်နှင့် အခြားသော နိုင်ငံများမှ ခရီးသွားများကို ပြန်လည် လက်ခံရန်ပြင်ဆင်ထား သည်။ ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လိုက်သည့် အတွက် ကိုဗစ်-၁၉ကူးစက်မှုများ ရှိလာနိုင်သဖြင့် ဥရောပနိုင်ငံများ သည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ