သရက်၊ ၁၇ မေ
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်း ပန်းခင်းစီမံချက် ရက်တိုသင်တန်းဖွင့်လှစ်ခြင်းကို မေ ၁၆ ရက် နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခရိုင်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သရက်မြို့နယ်မှ ဝန်ထမ်း(၁၁)ဦး၊ အောင်လံမြို့နယ်မှ ဝန်ထမ်း(၆)ဦး၊ ကံမမြို့နယ်မှ ဝန်ထမ်း(၇)ဦး၊ မင်းတုန်းမြို့နယ်မှ ဝန်ထမ်း(၁၀)ဦး တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန သရက်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပန်းခင်းစီမံချက် ပို့ချပေးခဲ့ပြီး မြို့နယ်ဦးစီးအရာရှိ ဦးလှမင်းဦးက (၁၉၈၂)ခုနှစ် နိုင်ငံသားဉပဒေ (၅)၊ (၆)၊ (၇) ပို့ချပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန အောင်လံမြို့နယ်ရုံးမှ မြို့နယ် ဦးစီးအရာရှိ ဦးစိုးနိုင်က နိုင်ငံခြားသား ထိန်းသိမ်းရေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ကံမမြို့နယ် ဦးစီးအရာရှိ ဦးတင်အောင်ဝင်းက ဝန်ထမ်းကျင့်ဝတ် အကြောင်းအရာများကို ပို့ချပေးခဲ့သည်။
ဇော်ထက်(သရက်)


