ဇီးကုန်း၊ ၁၈ မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ဇီးကုန်း - ကံညီကို - သာပေါင်း - လယ်တွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း၏ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ် ၄၃၃ သန်းဖြင့် ဇီးကုန်း - ကံညီကို - သာပေါင်း - လယ်တွင်းလမ်း (၁/၆ ဒသမ ၁ မိုင် x ၁၂ ပေ x ၇ လက်မ) ကွန်ကရစ်ခင်းခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၇၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ဇီးကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလမ်းပြီးစီးပါက ကျေးလက်ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေး ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)