လွိုင်ကော်၊ ၁၈ မေ
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြည်နယ်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ တွေ့ဆုံမှာကြားနိုင်ရေး အခမ်းအနားကို မေ ၁၈ ရက် နံနက် ၉ နာရီခွဲက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြည်နယ်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးစိန်ဦးက စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့ဝင်များ၏ ထားရှိရမည့် လုပ်ငန်းရည်မှန်းချက်များဖြစ်သည့် စည်ပင်သာယာရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် အခွန်များကို ကောက်ခံရာတွင် စနစ်တကျ ကြီးကြပ်ကောက်ခံရမည်ဖြစ်ပြီး ယခုလို လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးကော်မတီများ အနေဖြင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျည်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားများ ရယူရန်လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် အနီးစပ်ဆုံးထိတွေ့ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စည်ပင်သာယာရေးလုပ်ငန်းများကို အခွန်အပြည့်အဝရရှိရန်နှင့် ရရှိသည့်ဝင်ငွေများကို စနစ်တကျစီမံခန့်ခွဲပြီး ပြည်သူများအတွက် ပြန်လည်အသုံးပြုသွားရမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြလူနေမှုစနစ်များ မြင့်မားလာစေရန်အတွက် စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့ဝင်များ၏ တာဝန်များဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


