တနင်္သာရီ၊ ၁၈ မေ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် နေအိမ်မှပြင်ပသို့ သွားလာသူများ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာသည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ မေ ၁၈ ရက် နံက် ၇ နာရီမှစ၍ ချောင်းငယ်ရပ်ကွက်၊ ဈေးလမ်း၊ အောင်မင်္ဂလာ(၂) ဈေးအရှေ့နှင့် စျေးအတွင်း၌ (Mask Campaign) ကို ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ (Mask Campaign) ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာလင်းထိုက်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ် သော်တာမျိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၂၀)တို့ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ စျေးရောင်း/ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား (Mask) မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးကာ Mask မပါရှိသူများကို Mask များ အခမဲ့တပ်ဆင်ပေးသည်။

ဈေးရောင်းသူများအနေဖြင့် (Mask) နှင့် Face Shield ကို မဖြစ်မနေတပ်ဆင်ကြရေး အသိပညာပေးခြင်း ဆောင်ရွက်၍ (Mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

သတင်း- နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)