မြောက်ဦး၊ ၁၈ မေ  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဝန်ထမ်းများပူးပေါင်း၍ မေ ၁၇ ရက် နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပိုးလောက်လန်းသေ (အဘိတ်) ဆေးခတ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါရောဂါသည် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံး ကာလဖြစ်သည့် မိုးဦးရာသီသို့ ရောက်ရှိရန် နီးကပ်လာပြီဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သောအဖွဲ့မှ မြို့နယ်ပေါ်ရပ်ကွက်များဖြစ်သည့်  အောင်မင်္ဂလာရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ အောင်တပ်ရပ်ကွက်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ရေလှောင်ကန်များ၊ ရေတွင်းရေကန်များထဲသို့ (အဘိတ်) ဆေးများအား တစ်အိမ်တက်ဆင်း သွားရောက်ခတ်ပေးခြင်းနှင့် ဘုရားစင်ပေါ်ရှိ ညောင်ရေအိုးများ၊ ပန်းအိုးများတွင်လည်း ပိုးလောက်လန်းများ မကျရောက်စေရန်အတွက် ဖုံး၊ သွန်၊ လှဲ၊ စစ် စနစ်ဖြင့် တစ်ပတ်လျှင်(၁)ကြိမ်ကျ သွားရောက်ပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)

mdn