လှိုင်းဘွဲ၊ ၁၉ မေ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် မေ ၁၉ ရက် နံနက်ပိုင်းက ဒေါ်လန်းကျေးရွာအုပ်စု အလယ်ရွာနှင့် မြလေကျေးရွာအုပ်စု ရွာသာအေးကျေးရွာတို့တွင် ပထမအကြိမ် စီမံကိန်းချေးငွေ ထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါချေးငွေထုတ်ချေးပေးရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်စေလိုကြောင်း၊ သတ်မှတ်အရင်းနှင့် အတိုးဆပ်ကာလတွင် ပြန်လည်ပေးဆပ်ရန်လိုကြောင်း၊ အများပိုင်ငွေကြေးတစ်ရပ် ထူထောင်ပေးထားခြင်းဖြစ်ခြင်းကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် ကျေးရွာသူ/ကျေးရွာသား အားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် စီမံကိန်းချေးငွေထုတ်ချေးရာတွင် အလယ်ရွာမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသင်းဝင် (၁)ဦး၊ မွေးမြူရေးလုပ်ငန်းအတွက် အသင်းဝင် (၂)ဦး၊ အသေးစားအသင်းဝင် (၁၃)ဦး၊ အသက်မွေး၀မ်းကျောင်း လုပ်ငန်းအတွက် အသင်း၀င် (၁၀)ဦး၊ ရေလုပ်ငန်းအတွက် အသင်း၀င် (၂၉)ဦး စုစုပေါင်းအသင်းဝင် (၅၅)ဦးအတွက် ချေးငွေကျပ် (၂၉၈)သန်းနှင့် ရွာသာအေးကျေးရွာမှ စိုက်ပျိုးရေလုပ်ငန်းအတွက် အသင်းဝင် (၂၂)ဦး၊ မွေးမြူရေးလုပ်ငန်းအတွက် အသင်းဝင် (၈)ဦး၊ အသေးစား အရောင်းအ၀ယ်လုပ်ငန်းအတွက် အသင်းဝင် (၂)ဦး၊ စုစုပေါင်း အသင်းဝင် (၃၂)ဦးအတွက် ချေးငွေ (၂၉၈)သန်းတို့ကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များ၏ အသင်းဝင်များအား ချေးငွေထုတ်ချေးနေမှုအပေါ် အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


