နမ္မတူ၊ ၁၉ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်အတွင်းရှိ ထပ်တိုးမသန်စွမ်း (၉၉)ဦးအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မေ ၁၈ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်နှင့် တာဝန်ရှိသူများက မသန်စွမ်း တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထပ်တိုးမသန်စွမ်း (၉၉)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၉၇၀၀၀၀)ကျပ်အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စက်တင်ဘာလအတွင်း နမ္မတူမြို့နယ်ရှိ မသန်စွမ်း (၂၉၇)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၈၉၁၀၀၀၀)ကျပ်အား လည်းကောင်း၊ ယခုထပ်တိုး မသန်စွမ်း (၉၉)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၂၉၇၀၀၀၀)ကျပ်အား လည်းကောင်း၊ စုစုပေါင်း မသန်စွမ်း (၃၉၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၈၈၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်ထံက သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


