ကြာအင်းဆိပ်ကြီး၊ ၁၉ မေ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံးက မေ ၁၈ ရက် နံနက်ပိုင်းမှစတင်ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့ မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်လိုသူများအတွက် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကျေးရွာများရှိ ဒေသခံ ကျေးလက်ပြည်သူများအား ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)


