မိုင်းဆတ်၊ ၁၉ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မေ ၁၈ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သဗ္ဗညုဆုတောင်းပြည့် စေတီတော်စိန်ဖူးတော် မြေခခဲ့ပြီး နေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျဒယ်ရပ်ကွက်ရှိ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်မြေခခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့် စိန်ဖူးတော်၏တန်ဖိုးမှာ ငွေကျပ် (၁၂)သိန်းခန့်ရှိကြောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ နေအိမ်တစ်လုံး သွပ်မိုး၊ ပျဉ်ထောင်တစ်ထပ်အိမ် ခေါင်းမိုးတံစက်မြိတ်ပေါ်သို့ သစ်ပင်လဲကျ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကျောင်းရပ်ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ကာ(၂)ထပ်အိမ် တစ်လုံး၊ ကျတီကျေးရွာအုပ်စု နောင်ဘိုကျေးရွာတွင် သွပ်မိုး၊ အုတ်ညှပ်၊ သွပ်ကာတစ်ထပ်အိမ် တစ်လုံးနှင့် သွပ်မိုး၊ ထရံကာ တစ်ထပ်အိမ် တစ်လုံး စုစုပေါင်း နေအိမ်(၄)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)


