ရမည်းသင်း၊ ၁၉ မေ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်နှင့် ရွာတန်းပျိုးဉယျာဉ်တို့၌ ပျိုးပင်ပေါင်း တစ်သိန်း ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးဥယျာဉ်၌ ပျိုးပင်များအား ပျိုးထောင်ထားရှိရာ နှစ်စဉ်ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ပြန်လည်ကောင်းမွန်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်အတွက်ရည်ရွယ်၍ မြို့မပျိုးဉယျာဉ်တွင် ကျွန်းပင် (၁၀၀၀၀)၊ လျှော်ဖြူပင်(၅၀၀၀)၊ မန်ဂျန်ရှားပင် (၁၀၃၀၀)၊ ယူကလစ်(၇၀၀၀)၊ မယ်ဇလီ(၃၇၀၀)၊ တမာ(၁၀၀၀)၊ မြန်မာကုက္ကိုလ်(၁၀၀၀)၊ ပိတောက်(၃၀၀၀)၊ ယင်းမာ(၂၀၀၀)၊ စိန်ပန်း(၁၀၀၀)၊ ရေတမာ(၁၀၀၀)နှင့် ရွာတန်းပျိုးဉယျာဉ်တွင် မန်ကျည်းပင် (၁၀၀၀)၊ လျှော်ဖြူပင်(၃၀၀၀)၊ ကျွန်းပင်(၂၀၀၀၀)၊ ပိတောက်ပင်(၃၀၀၀)၊ မန်ဂျန်ရှားပင်(၁၅၀၀၀)၊ ယူကလစ်(၃၀၀၀)၊ မယ်ဇလီ(၂၀၀၀)၊ စိန်ပန်း(၃၀၀၀)၊ ရေတမာ(၁၀၀၀)၊ တမာ(၂၀၀၀)၊ မြန်မာကုက္ကိုလ် (၃၀၀၀)၊ ငုရွှေဝါ(၂၀၀၀) စသည့် အရိပ်ရ ပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် မိုးရာသီ ကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးဉယျာဉ်မှာရှိသည့်ပျိုးပင်များကို ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ တိုက်နယ်ဆေးရုံ၊ စက်ရုံ အလုပ်ရုံများ၊ ရပ်ကွက်ကျေးရွာများရှိ လမ်းဘေးဝဲယာများ၊ မြေလွတ်မြေလပ် ရှိသည့်နေရာများတွင် စိုက်ပျိုးရန်ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရသည်။
ခရိုင်ပြန်/ဆက်


