မတ္တရာ၊ ၂၀ မေ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာတွင် မေ ၁၉ ရက် ည ၁၀ နာရီခွဲက နှစ်ရှည်ညောင်ပင်ကိုင်း ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ပင်ကိုင်း ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း(မတ္တရာ)မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များမှ သွားရောက်၍ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသားနှင့်အတူ ပူးပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။ လုံးပတ် (၅)ပေ၊ အရှည် ပေ (၄၀)ရှိ နှစ်ရှည်ညောင်ပင်ကိုင်း ကျိုးကျမှုကြောင့် လူနေအိမ် (၂)လုံးပျက်စီးပြီး လူနေအိမ်တစ်လုံး အနည်းငယ်ထိခိုက်ခဲ့ကာ အခြား လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)