သာယာဝတီ၊  ၂၀    မေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ကျိုက်ထိုဇောတိကာရုံ ကျောင်းတိုက်တွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ထံမှသိရသည်။

အဆိုပါစာမေးပွဲကို ဇွန် ၁ ရက်မှ ၁၃ ရက်ထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ(၄)နာရီထိ ကျင်းပ သွားမည်ဖြစ်ပြီး ဓမ္မာစရိယစာဖြေသံဃာ စာရင်းသွင်း ၂၂၈ ပါး နှင့် ပထမကြီး၊ ပထမလတ်၊ ပထငယ်၊ မူလတန်းစာဖြေသံဃာ စာရင်းသွင်း ၄၁ ပါးတို့ စာရင်းပေးဝင်ရောက် ဖြေဆိုမည့်ဖြစ်ကြောင်း၊ နေ့ဆွမ်းကို ရပ်ကွက်အလိုက် အလှူရှင်များက အလှည့်ကျ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ အစိုးရဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲ ကျင်းပမည့် ကျိုက်ထိုဇောတိကာရုံကျောင်းတိုက် အတွင်း/အပြင် နေရာများကို ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ထံမှ သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)