မေ ၂၀

 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်ခံရသူဦးရေ ၃၀ ထပ်မံတွေ့ရှိခဲ့သည်။

 

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၇၂၀ အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရသူအားလုံးသည် ဒေသများအတွင်း အစုအပြုံလိုက် ကူးစက်မှုများနှင့်ဆက်စပ်သူများ၊ ရောဂါရှိသူများနှင့် ထိစပ်မှုရှိသူများ ဖြစ်သည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၆၈၇ ဦးရှိပြီး သီးသန့်ခွဲခြားကာ စောင့်ကြည့်ခြင်း ခံရသူဦးရေ ၁၂၁၀၀၀ အထက် ရှိသည်။

 

ဗီယက်နမ်နိုင်ငံတွင် ဒေသတွင်းကူးစက်ခံရသူပေါင်း ၃၂၄၇ ဦးအထိ ရှိကြောင်း  ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို