ကွန်ဟိန်း၊ ၂၀ မေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၊ နမ့်ဝှက်ကျေးရွာတွင် သောက်သုံးရေ ဖူလုံစေရေးအတွက် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှသိရသည်။

နမ့်ဝှက်ကျေးရွာတွင် သောက်သုံးရေဖူလုံစေရေးအတွက်အရှည် ၁မိုင်ရှိစိမ့်စမ်းရေ ပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ယခုနှစ် ဧပြီလအတွင်းကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာရှိအိမ်ခြေ (၂၆) အိမ်မှ လူဦးရေ (၁၂၇)ဦးတို့၏ သောက်သုံးရေ ဖူလုံစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူး ကပြောပြ၍သိရသည်။

အဆိုပါသောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတင်ဆူး နှင့်ဝန်ထမ်းများက စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက် ၁၀နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျေးရွာရေရရှိရေးကော်မတီဝင်များက လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲစေရေး ကျေးရွာသူကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

စိုးမိုးကျော်