မြင်းမူ၊ ၂၀ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာရှိ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအဖြစ် Concrete Pile အခြေပြုကျောက်စီမြေထိန်း တမံ(၇၀၅)ပေ၊ Bored Pile အခြေပြုကျောက်စီမြေထိန်းနရံနှင့်တမံ ပေ (၁၀၀) နှင့် Concrete Pile အခြေပြုကျောက်စီမြေထိန်းတမံ ပေ(၁၅၀) တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုင်ငံတော်၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်(၃၃၄ဒဿမ၈)သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက ယခုနှစ် မတ်လ ၂၈ ရက်က ၂၈.၃.၂၀၂၁ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှု (၅၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရှိရသည်။
မြေထိန်းနံရံများဆောင်ရွက်ပြီးစီးသွားပါက ယင်းကျေးရွာရှိ အိမ်ထောင်စုများအနေဖြင့် မိုးတွင်းအခါ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပြိုခြင်းနှင့်အတူ အိုးအိမ်များပျက်စီးဆုံးရှုံးခြင်းနှင့် ပြောင်းရွှေ့ရခြင်းများမှ လွတ်ကင်းရတော့မည်ဖြစ်သည်။
အောင်စိုးဖေ(မြင်းမူ)


