ဆင်ပေါင်ဝဲ၊ ၂၀ မေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ထားခြင်း မရှိသူများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မကွေးတိုင်းဒေသကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူး ဦးသိန်းလွင် ဦးဆောင်၍ အဖွဲ့ခေါင်းဆောင် လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း အဖွဲ့တို့သည် မေ ၂၀ ရက် နံနက် ၉ နာရီက လွန်ချီကျေးရွာ ဓမ္မာရိပ်သာအတွင်း၌ အိမ်ထောင်စု (၅)စုနှင့် အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ (၁၅)ဦးတို့အား ပြုလုပ်ပေးခဲ့ပြီး ယင်းအဖွဲ့နှင့်အတူ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)


