ငဖဲ၊  ၂၀ မေ       

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် စကုမြို့မအားကစားကွင်း ဆောက်လုပ်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးဝင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်အောင် ၊ မင်းဘူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုစံ ၊စကုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကြည်မင်း နှင့် တာဝန်ရှိသူများက အားကစားကွင်း ဆောက်လုပ်ရန်သတ်မှတ်နေရာများတွင် အသီးသီး ပန္နက်တင်ဆောင်ရွက်ခဲ့သည်။

 

            မင်းဘူး(စကု)မြို့နယ်၊ စကုမြို့မအားကစားကွင်းသည် မြေဧက ၄.၉၃ ဧကရှိပြီး အားကစားကွင်း (၁)ကွင်း နှင့် အလျား ပေ ၁၀၀၊ အနံ ၂၆ ပေ၊အမြင့် ၁၇ ပေ ရှိအထူးတန်းပွဲကြည့်စင် ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၂.၉၆ သန်းဖြင့် လပြည့်သိမ်းကုမ္မဏီမှ တာဝန်ယူ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)