လွိုင်လင်၊  ၂၀  မေ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအချောထည်ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဆနင်းကျေးရွာအုပ်စု၊ နင်းမွန်းကျေးရွာတွင် မေ ၂၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သင်တန်းနည်းပြများက ဝါးဖြင့်ပြုလုပ်သည့် ကုလားထိုင်၊ ဓာတ်ပုံမှန်ဘောင်၊ ဖုန်းတင်ခုံ၊ တိုင်ကပ်နာရီ အစရှိသည့် ဝါးဖြင့်ပြုလုပ်ရသည့် ပစ္စည်းအမျိုးမျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြသည်။

အဆိုပါ ဝါးအချောထည်ပြုလုပ်နည်း သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၂၁ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ၁၅ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ငြိမ်းသူ