မေ ၂၀
အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သောရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၇ ဦး ထပ်မံတွေ့ရှိခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ၂၆၇၅၉၇ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၄၀၃၈ ဦး ရှိသည်။
အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်သည်။
အရှေ့အာဖရိကဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် အများဆုံးနိုင်ငံဖြစ်သည်။
အီသီယိုးပီးယားနိုင်ငံ၏ရောဂါကူးစက်မှုသည် အာဖရိကရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစုစုပေါင်း၏ ခြောက်ရာခိုင်နှုန်းခန့် ရှိသည်ဟု အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာများတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို