ဆင်ပေါင်ဝဲ၊    ၂၁       မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန တို့ပူးပေါင်း၍ ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ Talk  Show ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုချိုဝင်းက ပန်းခင်းစီမံချက်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးသိန်းလွင်က ပန်းခင်းစီမံချက်အကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် မွေးရာပါနိုင်ငံသားများ နှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်အမျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများနှင့် စာကြည့်တိုက်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများကို Online အစီအစဉ်ဖြင့် လစဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)