ကျိုက်မရော     မေ    ၂၁


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားဝန်ထမ်းများ၏ ပင်စင်လစာများအား ယနေ့ နံနက် ၈ နာရီမှစတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိသည်။


ထိုကဲ့သို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအတိုင်း မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများက လူစုလူဝေးမဖြစ်စေရေးအတွက် အလှည့်ကျစနစ်ဖြင့် အသုတ်များခွဲကာ စနစ်တကျထုတ်ပေးလျက်ရှိသည့်အပြင် အပူရှိန်သက်သာစေရန် ဘဏ်၏ ရှေ့ဘက်တွင်အမိုးများထားရှိပြီး အရိပ်များတွင် နားနေစေကာ ဘဏ်ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်


ကျိုက်မရောမြို့နယ် အတွင်း၌ အငြိမ်းစားဝန်ထမ်းဦးရေ ၇၀၀ ကျော်ရှိရာ စစ်မူထမ်းဟောင်းဝန်ထမ်း များနှင့် အရပ်သားဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ရက်ခွဲခြားသတ်မှတ်၍ လစဉ် ၂၁ ရက်နေ့မှစ၍ လကုန်ရက်အထိ ဘဏ်ဖွင့်ချိန်များအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)