ပဲခူး၊ ၂၁ မေ

တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌  ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇) ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားသင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သင်တန်းသား/သူ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုခြင်း၊ သရုပ်ပြအဖွဲ့များက  ကရာတေးဒို၊ Fitness Dance ၊ မြန်မာ့သိုင်းစသည့် အားကစား နည်း များဖြင့် သရုပ်ပြသခြင်းများပြုလုပ်ကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အားကစားနည်းအလိုက် အားကစားပစ္စည်းများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများကို မေလ(၂၁)ရက်မှစတင်၍ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော၊ မြန်မာ့သိုင်း၊ fitness dance၊ စားပွဲတင်တင်းနစ်၊ ကရာ တေးဒို စသည့်အားကစားများကို တိုင်းဒေသကြီးအဆင့်၌ (၁၀)မျိုး၊ ခရိုင်အဆင့်၌(၇)မျိုး၊ မြို့နယ် အဆင့်၌ အနည်းဆုံး(၃)မျိုး (သို့မဟုတ်) (၅)မျိုးဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈)မြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေမော်ဓောစေတီမြတ်ကြီးသို့ သွားရောက်ဖူးမြော်ကန်တော့ပြီး ရွှေမော်စေတီတော်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ပဲခူးမြို့နယ် သံဃာတော်များအား အချိုပွဲဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)

MDN