မ်း ၂၃ မေ

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများသည် ပန်ခင်းစီမံချက်ဖြင့် အောက်ရွာကျေးရွာအုပ်စုနေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေးကို အောက်ရွာဓမ္မာရုံ၌ မေ ၂၂ ရက် နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ရာတွင် အောက်ရွာကျေးရွာအုပ်စု အောက်ရွာကျေးရွာ၊ ကျားမောင်း၊ လင်းခုံကျေးရွာများရှိ တိုင်းရင်းသားပြည်သူများအား အသက် (၁၆-၁၈)နှစ်ကြား  အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၁၅) ဦး၊ (၁၈) နှစ်အထက် အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၁၅) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ခွဲထွက် မိတ္တူ (၂၁) စောင်၊ မွေးတိုး/သေဆုံး ပယ်ပျက် (၂၅) ဦးနှင့် အချက်အလက်များ စိစစ်ဖြည့်သွင်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

စိုးမင်းထွန်း