မော်လမြိုင် ၂၃ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေ ၂၃ ရက် နံနက် ၈ နာရီက ချောင်းဆုံမြို့နယ် ဘီလူးကျွန်းတံတား ပြုပြင်ထိန်းသိမ်းရေးနှင့် တံတားပေါ်ရှိ လျှပ်စစ်မီးသွယ်တန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုပြီး လျှပ်စစ်မီးသီးများ ထပ်မံဖြည့်သွင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၄၂ ဒသမ ၂)သန်းနှင့် ကွမ်သဲကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၄၃) သန်းဖြင့် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ပေ (၁၃၀x၃၀) သံကူကွန်ကရစ် (RCC) အမျိုးအစား School Cum Shelter အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ် အခြေခံပညာမူလတန်းကျောင်း (တကူပတီ) ပေ (၉၀ x ၃၀) (RCC) (၂)ထပ် စာသင်ကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)


