စဉ့်ကိုင် ၂၃ မေ
မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့၀င်များသည် မေ ၂၃ ရက် နံနက် ၈ နာရီက စဉ့်ကိုင်မြို့သို့ ရောက်ရှိပြီး တရုတ်စုရပ်ကွက်ရှိ တိုက်ကျောင်း ရွှေကံကူဂုဏ်ရည်ဓမ္မာရုံတွင် မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌနှင့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများကို လျှောက်ထားရာ မြို့နယ်သြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လဆရာတော်မှ သြဝါဒစကား မြွက်ကြားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်၀တ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် မြို့သစ်ရပ်ကွက် အ.ထ.က(စဉ့်ကိုင်) ကျောင်းသဇင်ခန်းမတွင် ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက အမှာစကား အသီးသီးပြောကြားခဲ့သည်။
ထို့နောက် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဘိုအောင်မောင်မောင်က လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပင်းချားကျေးရွာတွင်း လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း (စဉ့်ကိုင် ပြန်/ဆက်)


