ဘန်ကောက် ၂၄  မေ

ထိုင်းနိုင်ငံတွင် မေ ၂၂ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၀၅၂ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု တရား ဝင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ ထိုင်းနိုင်ငံသည် ကိုဗစ်- ၁၉ ကူးစက်မှု အဆိုးရွားဆုံး အခြေအနေကို ထိန်းချုပ်နိုင်ရေး ရုန်းကန်ကြိုးစား လျက်ရှိသည်။

နောက်ထပ် ကူးစက်မှုများတွင် နိုင်ငံရပ်ခြားမှ ကူးစက်ခံရသူ ၄၁ ဦးရှိပြီး ဒေသတွင်းကူးစက်ခံရသူ ၃၀၁၁ ဦး ရှိသည်ဟု သိရသည်။ ၎င်းတို့ထဲတွင် အကျဉ်းထောင်အတွင်း ကူးစက်ခံရသူ ၆၀၅ ဦး ရှိသည်ဟု ကိုဗစ်- ၁၉ ရောဂါ အခြေအနေများဆိုင်ရာ စီမံခန့်ခွဲမှုစင်တာက ပြောသည်။ ဒေသတွင်း ကူးစက်မှုများမှာ ဘန်ကောက်မြို့တွင် အဖြစ်များပြီး မကြာသေးမီက စုံစမ်းတွေ့ရှိ ခဲ့သည့် အစုလိုက်ကူးစက်မှု၊ အကျဉ်းထောင်အတွင်း ကူးစက်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကူးစက်မှုများမှဖြစ်သည်ဟု ကိုဗစ် -၁၉ ရောဂါအခြေ အနေများဆိုင်ရာ စီမံခန့်ခွဲမှုစင်တာက ပြောသည်။

ကိုဗစ်- ၁၉ ကြောင့် သေဆုံး သူ ၂၄ ဦးတိုးလာပြီး စုစုပေါင်း သေဆုံးသူဦးရေ ၇၅၉ ဦးရှိသည်ဟု သိရသည်။ မေ ၂၁ ရက်တွင် တိုင်း ပြည်အတွင်း လူပေါင်း ၂ ဒသမ ၈ သန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီး ဖြစ်သည်။

ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး သူအရေအတွက်မှာ ၉၆၀၀၀၀ ရှိပြီး တစ်ကြိမ်ထိုးပြီးသူဦးရေမှာ ၁ ဒသမ၈ သန်းကျော် ရှိသည်ဟု သိရသည်။

ဆင်ဟွာ