နတ်တလင်း၊ ၂၄ မေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများ ဖွင့်လှစ်လျက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၄ ရက် နံနက် ၈ နာရီမှစ၍ မြို့နယ်အတွင်းရှိ ကျောင်းအသီးသီး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းအပ်နှံရေး လက်ခံရာ၌ ရပ်ကွက်ကျေးရွာအသီးသီးမှ ကျောင်းများတွင် ရပ်ကွက်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းလုံခြုံရေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းအပ်နှံရန် လာရောက်သူများ၏ လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)