တပ်ကုန်း       မေ     ၂၄

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရာမှ   ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက်         နေပြည်တော်  တပ်ကုန်းမြို့နယ်တွင် မေ ၂၄ ရက်  နံနက် ၉ နာရီက  စတင်၍  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံး ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် ကျောင်းအလိုက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ နှင့် ဆရာ ဆရာမများက မိမိတို့ တာဝန်ကျရာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask ၊ Face Shield တို့ကို အခမဲ့ပေးအပ်သည်။

တပ်ကုန်းမြို့နယ်တွင် အထက်တန်းကျောင်း  ၁၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၈ ကျောင်း၊ မူလတန်း လွန်ကျောင်း ၄၄ ကျောင်း၊ မူလတန်းကျောင်း ၅၃ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၆ ကျောင်း၊ စုစုပေါင်း (၁၆၇)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)