ကံမ၊ ၂၄ မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ မေ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသားမိဘများမှ ကျောင်းသားကျောင်းသူများအား လာရောက်ကျောင်းအပ်နှံလျက် ရှိကြသည်။

အဆိုပါကျောင်းအပ်နှံခြင်းများအား မေ ၂၄ ရက်မှ မေ ၃၁ ရက်အထိ ကျောင်းအပ်နှံခြင်း ရက်သတ္တပတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကံမမြို့နယ်တွင် အခြေခံပညာ မူလတန်းကျောင်း ၉၅ ကျောင်း၊ မူလတန်းကျောင်းခွဲ ၂ ကျောင်း၊ မူလတန်းလွန်ကျောင်း(မူလွန်) ၈ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၈ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း ၆ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၃ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၂၈ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း (ကံမ)