ငဖဲ၊ ၂၄ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေ ၂၄ ရက် နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အခြေခံပညာကျောင်းများသို့ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလာရောက်သည့် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပစ္စည်း (၆)မျိုးဖြစ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ နှာခေါင်းစည်း (mask) ၂ ခုနှင့် Faceshield ၁ ခုစီကို အခမဲ့ပေးအပ်ကြောင်းနှင့် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၈၃)ကျောင်းတွင် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံရေးကို မေ ၂၄ ရက်မှ ၃၁ ရက်ထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


