တွံတေး     မေ   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့ " ဆောင်ပုဒ်နဲ့အညီ မေ ၂၄ ရက် နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို  သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Maske နှင့် Face  Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဇွန်(၁) ရက် စတင်တက်ကြရမည်ဖြစ်ရာ တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း(၂၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)  ကျောင်း၊ ဘုန်းတော်ကြီးပညာသင် (၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း ( ၁) ကျောင်း စာသင်ကျောင်း စုစုပေါင်း (၂၁၉ ) ကျောင်းရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်