မြို့သစ်၊ ၂၄ မေ
မကွေးခရိုင်၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှစတင်၍ မြို့သစ်မြို့နယ်ရုံးတွင် စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ပန်းခင်းစီမံချက်အရ ပြုလုပ်ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်း အမှန်တကယ်နေထိုင်ခြင်း လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်ပြီး လူဦးရေစာရင်းမရှိသူများ၊ မှတ်ပုံတင်ကတ်မရှိသူများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်အတွင်း အမှတ်(၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ တပ်မတော်အရာရှိ၊ အရာခံနှင့် အကြပ်တပ်သားများကို မေ ၂၃ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိပြီး အခြားကျန်ရှိသည့် ကျေးရွာများကိုလည်း အဖွဲ့ခွဲကာ ကျေးရွာအရောက် သွားရောက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရကြောင်း သတင်းရရှိသည်။
ကိုဇော်(ပြန်/ဆက်)


